"AES Myanmar မှာအကြိုက်ဆုံး အချက်ကတော့ သင်ရိုးပါ။ Course Design ဆွဲထားတာကို တော်တော် သဘောကျပါတယ်။ Tools တွေကို သင်တာမဟုတ်ပဲ Concept ကို ဒီက ဆရာတွေအကုန် က သေချာသင်ပေးတာဖြစ်လို့ Tools တင်သုံးတတ်တာမဟုတ်ပဲ Music နဲ့ ပတ်သတ်ပြီး နားလည်သဘောပေါက်တဲ့ အထိ သိသွားတာဖြစ်လို့ ကျွန်တော့် အတွက် အများကြီး အကျိုးရှိခဲ့ပါတယ်"
" သင်တန်းမတက်ခင်ကတော့ ကျွန်တော့်မှာရှိတဲ့ DAW တွေနဲ့ သီချင်းဖန်တီးဖြစ်တယ်။ ဒါပေမဲ့ ကမောက်ကမတွေနဲ့ အဆင်မပြေဘူး ကျောင်းမှာလာတက်တဲ့ အခါမှာတော့ step by step နဲ့ သင်ကြားရတဲ့အတွက်က သင်တန်းပြီးတဲ့ အခါမှာ Music ဖန်တီးဖို့ ကိုယ့်ကိုယ်ကိုယ် ခွန်အားတွေရတယ် Music Arrangement ကောင်းကောင်းနဲ့ Music ဖန်တီးချင်တဲ့ စိတ်တွေဖြစ်လာတယ်"
" သင်တန်းတက်နေရတဲ့ အခါမှာ ကျွန်တော်တို့တွေ ဝါသနာတူ လူငယ်တွေလာစုပြီး တက်ရောက်ရတဲ့ အတွက်ကြောင့် သင်ကြားရတာပိုပြီး တက်မြောက်တယ်။ ဆရာကလည်းကျွန်တော်တို့ကို အနီးကပ်သင်ကြားပေးတဲ့ အတွက်ကြောင့် လွယ်လွယ်ကူကူနဲ့ အမြန်ဆုံးတက်မြောက်ပါတယ်"
" Online နဲ့ ဆိုပေမယ့် အချို့ ဟာတွေက ဆရာတွေက စိတ်ရှည်လက်ရှည် သင်ပေးတာဆိုတော့ မသိတာတွေပိုသိလာပါတယ်။ အရင်က စမ်းတဝါးဝါးနဲ့ လေ့လာခဲ့ရတဲ့ အတွက် အခု သေချာလေ့လာပြီးတဲ့ နောက်မှာ ဆုံးဖြတ်ချက်တွေကိုလည်း ရဲရဲဝံ့ဝံ့ချနိုင်လာပါတယ်။ ဥပမာ Mixing ဆွဲတဲ့ နေရာမှာ လည်းရင်လို နားနဲ့ပဲနားထောင်တာမဟုတ်ပဲ စနစ်ကျကျနဲ့ ယုံကြည်မှုရှိရှိ လုပ်နိုင်လာပါတယ်"